ယခုအခါကင်ဆာရောဂါကာကွယ်တားဆီးရေးအတွက်အစာအာဟာရအခြေခံပေါ်တွင် မူတည်နေသည်ဟု ကောက်ချက်ချလာကြသည်။ သာမန်ထက်ပိုမို လွန်ကဲစွာဝဖြိုး၍ ကိုယ်အလေးချိန် များလာသောသူများတွင် အဆီဓာတ်လွန်ကဲမှုများလာပြီး ယင်းနှင့် ဆက်နွှယ်၍ အူမကြီးကင်ဆာ၊ ကျောက်ကပ်ကင်ဆာ အစာရေမျိုကင်ဆာ၊ ပန်ကရိယကင်ဆာ စသည်တို့အပြင် အမျိုးသမီးများ တင်သားကင်ဆာ အဖြစ်များလာကြရသည်။
ထို့ကြောင့် သုတေသီများက ကင်ဆာရောဂါ ကာကွယ်နိုင်ရေးအတွက် အဆီပါဝင်မှုကို လျှော့ချစားသုံးရန်နှင့် အမျှင်ဓာတ်ပေါကြွယ်ဝသော ဟင်းသီးဟင်းရွက်များကို များများစားသုံးကြရန် သတိပေးထားသည်။ထို့အပြင်သကြားဓာတ်ပါဝင်မှုများသောအစားအစာများနှင့် အငန်ဓာတ် လွန်ကဲသော အစားအစာများကိုလည်းရှောင်ရှားသင့်သည်။အမျိုးသားများအတွက် အရက်ကိုတစ်နေ့လျှင်၂ခွက်ထက်ပို မသောက်သင့်ကြောင်းအကြံပြုထားသည်။အဓိကအချက်မှာ အပင်နှင့်အပင်ထွက်ပစ္စည်းကို မွန်းမံ ပြင်ဆင် ထားခြင်းမရှိဘဲသဘာဝအတိုင်းစားသုံးခြင်းသည် ကင်ဆာရောဂါကို ကာကွယ်တားဆီး နိုင်ကြောင်းပင်။
ကင်ဆာရောဂါ ဖြစ်ကြောင်း ဆောလျင်စွာ သိရှိရန်ဖြစ်ပြီး စောစောသိရှိပြီး ရောဂါဖြစ်ခါစ အခြေအနေမျိုး ဆိုပါက ကင်ဆာရောဂါအများစုသည်ကုသ၍ ရာခိုင်နှုန်း တော်တော်များများ ပျောက်ကင်းနိုင်ကြောင်း သိရှိရသည်။ ကင်ဆာရောဂါဖြစ်ကြောင်းသိရှိသည့်အချိန်စောမှု၊နောက်ကျမှု နှင့်ရောဂါဖြစ်ပွားသည့် အင်္ဂါအစိတ်အပိုင်း တို့ပေါ်မူတည်ပြီး ပျောက်ကင်းနိုင်မှု၊ အသက်ဆက်လက် ရှည်ရှည် နေထိုင်နိုင်မှု နှင့် ကုသရမည့် နည်းလမ်းတို့ကို အဆုံးအဖြတ်ပေးတတ်သည့် ရောဂါမျိုး ဖြစ်ကြောင်း ကျန်းမာရေးအတိုင်ပင်ခံ က ပြော သည်။
ယင်းရောဂါကို ယခုအချိန်၌ ဆေးဝါးများကျွေး၍ သော်လည်းကောင်း၊ ခွဲစိတ်ထုတ်ပစ်၍ သော်လည်းကောင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကင်၍သော်လည်းကောင်း၊ ထိုနည်း သုံးမျိုးစလုံးကို သုံး၍ဖြစ်စေ၊ သင့်တော်ရာနှစ်မျိုး သို့မဟုတ် တစ်မျိုးကို သုံး၍ဖြစ်စေ အောင်မြင်စွာ ကုသနိုင်ကြောင်း သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOက လူတစ်ဦးလျှင် တစ်လ ဆီငါးဆယ်သား ခန့်သာ စားသုံးရန် စံနှုန်းသတ်မှတ်ထား သော်လည်း မြန်မာနိုင်ငံတွင် လူတစ်ဦးဆီစားသုံးနှုန်းမှာ တစ်လလျှင် ငါးဆယ်သား အထက်တွင် ရှိနေကြောင်း မည်သည့်စားသုံးဆီမဆို မီးအပူချိန်မထိပါက အန္တရာယ် မကြီးသော်လည်း မီးအပူချိန်ထိထားပါက အန္တရာယ်ကြီးကြောင်း၊ ထိုဆီကို အစဉ်စားသုံးမိပါက ကင်ဆာရောဂါ ဖြစ်ပွားနိုင်ကြောင်း ၄င်းကထပ်လောင်းပြောကြားသည်။ ဆီကြော်မုန့်များအပြင် ဝက်သား စားသုံးမှု များပါကလည်း သည်းခြေကျောက်တည်ရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားနိုင်ကြောင်း သိရသည်။
ပါရာစီတမောလ်ဆေး ၅ဝဝ မီလီဂရမ်ဆေးပြားအား လိုအပ်သည်ထက် ပိုမိုသောက်သုံးမိပါက အဆိပ်သင့်သေဆုံးနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန်ဦးစန်းထွေး က
”အခြားဆေးတွေထက် ပါရာစီတမောလ်ဆေးကို လူတွေက အလွယ်တကူ ဝယ်သောက်လေ့ရှိကြတယ်။ ဒီဆေးရဲ့ အဓိကဘေးထွက်ဆိုးကျိုးက အသည်းရဲ့လုပ်ဆောင်မှု ကို တိုက်ခိုက်တာပဲ။ အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ဟာ ဆေးတစ်ခါသောက်ရင် ပါရာစီတမောလ် ၅ဝဝ မီလီဂရမ် ၂ ပြားထက် ပိုမသောက်သင့်ပါဘူး”ဟု ပါရာစီတမောလ် လွန်ကဲသည့်လက္ခဏာများမှာ ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်း၊ မစားချင် မသောက်ချင်ဖြစ်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းများ ဖြစ်ပေါ်တတ်ပြီး အဆိုးဆုံးလက္ခဏာများအဖြစ် မျက်လုံးဝါခြင်း၊ ဆီးမည်းမည်းသွားခြင်း၊ အစာအိမ်အပေါ်ပိုင်း၌ နာကျင်ခြင်း စသည့် ဝေဒနာများ ဖြစ်ပွားတတ်ပြီး နောက် ဆုံးအခြေအနေအဖြစ် အသက်ဆုံးရှုံးသည်အထိပင် ဖြစ်နိုင်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ရောင်းချနေသည့် ပါရာစီတမောလ်ဆေးများမှာ နိုင်ငံစုံမှ ဝင်ရောက်ပြီး ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချနေကာ ဆေးတောင့်၊ ဆေးပြား၊ ဆေးရည်၊ စအိုတွင်းထည့်ဆေး တောင့် စသည်ဖြင့် ဆေးဝါးပုံစံအမျိုးမျိုးရှိကြောင်း သိရသည်။
”ဒီဆေးကို ပုံမှန်သောက်မယ်၊ စနစ်တကျသာသောက်မယ်ဆိုရင် ခေါင်းကိုက်တာ၊ ကြွက်သား နာကျင် ကိုက်ခဲတာ၊ အဆစ်အမြစ်ရောင်၊ ခါးနာ၊ သွားကိုက်၊ အအေးမိဖျား နာတာတွေ ပျောက်ကင်းစေနိုင်ပေမယ့် ဆေးလွန်ရင်တော့ သေနိုင်ပါတယ်။ နောက်တစ်ခုက ဒီဆေးနဲ့မတည့်ဘဲ ခန္ဓာကိုယ်မှာ အနီကွက်တွေ ပေါ်လာတာ၊ အသက်ရှူရတာ ခက်တာ၊ မျက်နှာ၊ လျှာနဲ့လည် ချောင်းစတဲ့ အစိတ်အပိုင်းတွေ ရောင်ရမ်းတတ်တာမျိုးလည်း တချို့ လာပြတဲ့လူနာတွေမှာ တွေ့ရတယ်”ဟု အထက်ပါဆရာဝန်က ပြောကြားသည်။ မြန်မာနိုင်ငံအတွင်းရှိ အသက်အရွယ်ကြီးသည့် လူတချို့သည် ခန္ဓာကိုယ် နာကျင်ကိုက်ခဲ၍ ပါရာစီတမောလ်ဆေးစားရင်း ဆေးစွဲသွားကာ ပဲလှော်စားသကဲ့သို့ စားနေကြ ခြင်းများကို ရှောင်ရှားသင့်ပြီး အထက်ဖော်ပြပါ လက္ခဏာများ ပေါ်လာပါက မိမိသဘောနှင့် မိမိဘာသာ ဆေးသုံးစွဲနေမှုကိုရပ်ပြီး ဆရာဝန်နှင့် အမြန်ဆုံးပြသကာ ကုသမှု ခံယူသင့်ကြောင်း အထက်ပါပုဂ္ဂိုလ်က အကြံပြုပြောကြားသည်
( မှတ်ချက် ။ ။ ဖတ်ရှူမိသူများ အသိပညာ တိုးပွါးစေရန် နှင့် သိရှိနိုင်ရန်ရည်ရွယ်၍ internet ကျန်းမာရေးသတင်း ဆောင်းပါးများမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။)
Popular Posts
-
Tetsukuri Ichi- Hand made Bazaar on this Sunday, Tokyo ,Toshima ku, Zoshigaya , Kichibojin Jinger ( at near our house)which one of the Shi...
-
ဖခင်ဦးထွန်း မြိုင် မှတ်သားပြုစုခဲ့သော ဓမ္မဒါနမှတ်စုများ(၁) ဗုဒ္ဓမြတ်စွာဘုရား၏ လောကီ-လောကုတ္တရာဆိုင်ရာ တရားတော်များ အပ...
-
ခရမ်သီးကို အပေါ်ပိုင်းချန်၍ ထက်ပိုင်းခြမ်းပါ ၊ထပ်၍စိတ်ပါ ကြက်သွန်နီ ကြက်သွန် ဖြူ ဆီသတ်ထားတဲ့ထဲကို ပုဇွန်ခြောက်မှုန့်  ဆား ငပိ ငရုပ်သီးမှုန...
-
ဒေါက်တာအရှင်ကုမာရာ ဘိဝံသ (D.Litt) (ဗန်းမော်ဆရာတော်ဘုရားကြီး) အဘိဓဇ မဟာရ...
-
egg & milk butter & suger =butter Add caption Add caption ကိုယ့္အိမ္မွာေ...
-
ဘုရားနဘေး၌ အဆောင်ပစ္စည်းဝယ်နိုင်သည့်နေရာ ဆင်းတုတော် ဆိုဒ်စုံ ၊ရွှေ,ငွေ,ကြေးနီ,ကြေးစိမ်း (ယခင်က၃ရောင်သာ ) နှစ်ဆန်းတစ်ရက်နေ့က ရောင်းက...
-
ယခုအခါကင်ဆာရောဂါကာကွယ်တားဆီးရေးအတွက်အစာအာဟာရအခြေခံပေါ်တွင် မူတည်နေသည်ဟု ကောက်ချက်ချလာကြသည်။ သာမန်ထက်ပိုမို လွန်ကဲစွာဝဖြိုး၍ က...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment