Popular Posts

Wednesday, September 25, 2013

လွယ်လွယ် နဲ့ မြန်မြန် လုပ်စားနိုင်မယ့် ပေါင်မုန့် ပူတင်း



 egg & milk


 butter & suger




 =butter


Add caption



Add caption


ကိုယ့်အိမ်မှာပေါင်မုန့်ပိုနေတာ စားမဲ့သူမရှိလို့ စိတ်မပျက်ပါနဲ့....
 ပေါင်မုန့်ဘေးသားတွေလွှတ်ပစ်နေရတယ် ဆိုသူများအတွက် အလွယ်တကူ ပြုလုပ်နိုင်သော ပူတင်း ...
 ဒါတွေရှိရင်ရပြီ။
 ပေါင်မုန့်၃ချပ် ( သို့ ) နဘေးသားအချို့
 ကြက်ဥ  ၂ လုံး
 နွားနို့ ဖန်ခွက် တစ်ခွက် ခန့် 
သကြား ဇွနးကြီး ၄ဇွန်း (အချို ကြိုက်နှစ်သက်သလို  ချိန်ဆ၍ ထည့်ပါ)
 မာဂျရင်း  (သို့ ) ထောပတ် ဇွန်းကြီး ၂ဇွန်း
ကြို က်တတ်သူများအုန်းနို့ထည့်လို့လည်းရပါတယ်
(  အိမ်မှာ ငှက်ပျောသီးတွေမှည့်ပျော်နေတာရှိရင် ဇွန်းနဲ့ကြေအောင်ချေထည့်လိုက်လို့ရပါတယ် ငှက်ပျာသီးပူတင်းပေါ့)

           ပေါင်မုန့်ကို ကြေအောင် လက်ဖြင့် ချေ ပါ ၊  နွားနို့ သကြား ကြက်ဥ တို့ကိုထည့်၍ ရောမွှေပါ ။ ထောပတ်တဝက်ကိုထည့်ပြီးနှံ့အောင်နယ်ပါ ။ကျန် ထောပတ်တဝက် ကို ပုံတွင်ပြထားသည့်အတိုင်း မုန့်ထည့်ဖုတ်မည့်  ခွက် ၏ အောက်ခြေ နှင့် နဘေးပတ် လည် ကို နှံ့အောင်သုတ်ပေး ပါ ။မုန့်မကပ်အောင် လို့်ထောပတ်မရှိပါက ထောပတ်အစား  ဟင်းချက်ဆီ သုတ်ပေးလို့ရပါတယ်။ ထောပတ်ထည့် တော့မွှေးတာ ပေါ့။ ovan နဲ့200 c မှာ 6မိနစ်ခန့်  ဖုတ်ပါ ။ ovan မသုံးပဲ အပေါ်မီး  အောက်မီး အနေတော်နဲ့ ဖုတ်  လို့လဲရပါတယ် ။   အလွယ်တကူ မိုက်ခရိုဝေ့ဖ် နဲ့လည်းရပါတယ်   မုန်.ဖောင်းလာတဲ့အခါ အထဲကကျက် မကျက်သိရ အောင် ခက်ရင်း၊သွား ကြား ထိုးတံစတဲ့ချွန်တဲ့ဟာမျိုးနဲ့စိုက်ကြည့်ပါ  မုန့်ကျက်ပြီဆို
အအေးခံပြီးမှ ကိုယ်ကြိုက်နှစ်သက်ရာ အရွယ်အတုံးလေးတွေ လှီးပြီး အဆိမ့်ကြိုက်တတ်ရင် နို့စိမ်းလေး ဆမ်း၍ သုံးဆောင်နိုင်ပါတယ်။ 
( အပေါ်ပုံက အနည်းငယ် ပျော့သွားတဲ့ အပြင်    မုန့် အေးအောင် မစောင့်ပဲ ပူနေခိုက်မှာ တုန်းလိုက်တာမို့ သိပ်မလှဘူးလေ  ) 
  ကဲ...  စားမယ့်သူမရှိလို့ ကျန်နေတဲ့ ပေါင်မုန့်တွေ မာသွားရင် လွင့်မပစ်လိုက်ပါနဲ့  ။ လွယ်ကူမြန်ဆန်ပြီး အရသာ လည်းရှိ အဟာရလည်းဖြစ်တဲ့ ပေါင်မုန့် ပူတင်းလုပ်စားကြည့်ပေါ့နော်
























































့်ဖောင်းလာတဲ့အခါ အထဲကကျက် မကျက်သိရ အောင် ခက်ရင်း၊သွား ကြား ထိုးတံစတဲ့ချွန်တဲ့ဟာမျိုးနဲ့စိုက်ကြည့်ပါ