Popular Posts
Tuesday, May 8, 2012
ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်ကုမာရာ ဘိဝံသ (D.Litt) ၏ ဓမ္မလက်ဆောင် ဓနသိဒ္ဓိဂါထာ
       ဒေါက်တာအရှင်ကုမာရာ ဘိဝံသ (D.Litt) 
        (ဗန်းမော်ဆရာတော်ဘုရားကြီး)
          အဘိဓဇ မဟာရဋ္ဌဂုရု
      အဂ္ဂမဟာပဏ္ဏိတ-အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက 
         ဥက္ကဌ-နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့
       ဓမ္မလက်ဆောင်  
     ''ဓနသိဒ္ဓိဂါထာ''
အရဟံ ဗဟိ-အန္တ-ဇယံ သုဂတံ၊
အမိတံ ဝိရဇံ လလိတံ အတုလံ ။
စရဏံ တိ-ဘဝူပ-သမံ ယမကံ၊
သုခဒံ သရဏံ ပဏမာမိ ဇိနံ။
၁။  အရဟံ -  ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏
၂။  ဗဟိ - အန္တ - ဇယံ  -  အတွင်း အပ ရန်ကိုအောင်တော်မူသော မြတ်စွာဘုရားကို              ပဏမာမိ - ရှိခိုးပါ၏
၃။  သုဂတံ  -  ကောင်းသောစကားကို ဟောပြောတတ်သော  မြတ်စွာဘုရားကို            
     ပဏမာမိ -     ရှိခိုးပါ၏
၎။  အမိတံ  -  မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိ
ဟာ ရှိတော်မူသော  မြတ်စွာဘုရားကို 
      ပဏမာမိ - ရှိခိုးပါ၏
၅။  ဝိရဇံ     -  ကိလေသာမြူ ကင်း
တော်မူသော  မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏
၆။  လလိတံ  -  တင့်တယ် သပ္ပါယ်တော်မူသော . မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏   
၇။  အတုလံ  - အတုမရှိ သော
မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏
၈။  စရဏံ    - အကျင့်စရဏ နှင့်ပြည့်စုံ တော်မူသော
မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏.
၉။  တိ-ဘဝူပ-သမံ   -  ဘုံသုံးပါး၌ ကိလေသာငြိမ်းအေး
မြတ်စွာဘုရားကို ပဏမာမိ -          ရှိခိုးပါ၏
၁၀။ ယမကံ  -  ရေမီးအစုံအစုံ .
တန်ခိုးပြာဋိဟာ နှင့်ပြည့်စုံ တော်မူသော. မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏
၁၁။ သုခဒံ  -  ချမ်းသာကို  ပေးစွမ်းနိုင်သော  မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏
၁၂။  သရဏံ  -  ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏. 
၁၃။  ဇိနံ  -  မာရ်ငါးပါးကို အောင်မြင်သော မြတ်စွာဘုရားကို ပဏမာမိ - ရှိခိုးပါ၏.              
Wednesday, April 18, 2012
ခရမ်သီးနှပ်
ခရမ်သီးကို အပေါ်ပိုင်းချန်၍ ထက်ပိုင်းခြမ်းပါ ၊ထပ်၍စိတ်ပါ
ကြက်သွန်နီ ကြက်သွန် ဖြူ ဆီသတ်ထားတဲ့ထဲကို ပုဇွန်ခြောက်မှုန့်  ဆား ငပိ ငရုပ်သီးမှုန့်  ဟင်းချိုမှုန့်  ထဲ့နယ်ပါ
ပုံမှာ ပြထားတဲ့အတိုင်း ခွဲထားတဲ့ ခရမ်းသီးထဲ အစာထဲ့ပြီး
ဆီထမင်းစားဇွန်းတစ်ဇွန်း  ရေအနည်းငယ်ထည့်  မီးသေးသေးဖြင့် အဖုံးအုပ် ၍ နှပ်ထားပါ။  အိုးမကပ်စေရန်  ဇွန်းဖြင့်မမွှေပဲ မကြာခဏ အိုးကိုမ,၍ လှုပ်ပေးပါ ။ ရေခန်းပြီး ခရမ်းသီးမပျော့သေးပါက   ရေအနည်းငယ်ထပ်ထည့် ၍ နှပ်ပါ။   ခရမ်းသီးခေါင်းနားကို အသာဖိကြည့်ခြင်းဖြင့် နှပ်မနှပ် သိနိုင်ပါသည်။
ပုံစံမပျက် ခရမ်းသီးအလုံးလိုက်နှပ် ကိုသုံးဆောင်နိုင်ပါပြီ။
Monday, February 27, 2012
လက်မှုပစ္စည်းဈေး Tetsukuri Ichi- Hand made Bazaar
Tetsukuri Ichi- Hand made Bazaar
on this Sunday, Tokyo ,Toshima ku, Zoshigaya , Kichibojin  Jinger ( at near our house)which one of the Shinto shrine
လစဉ် တတိယမြောက် တနင်္ဂနွေနေ့တိုင်း ပြုလုပ်နေကြ hand made bazaar လေးပေါ့
ဒီတပတ်တော့ မှတ်မှတ်ရရ မှတ်တမ်းဓာတ်ပုံရိုက်မယ် လို့ ကြုံးဝါးထားခဲ့၏။သို့ သော် အချိန်မပေးနိုင်၍   ကမန်းကတန်း နှင့် ရိုက်လိုက်ရသော ဓာတ်ပုံများမှာ စိတ်တိုင်းကျ  ဖြစ်မလာပေ။ ရှိပါစေတော့၊ကောင်းအောင်ကြည့်လုပ်ရတော့မပေါ့ ...
ရှင်တို ဘုရားကျောင်းဝန်းပေါ့   နည်းနည်းလေးကျယ်ပြီး သစ်ပင်ကြီးတွေနဲ့ မို့ ...  tsunami ငလျင်လှုပ် တုန်းကအထပ်အမြင့်ကလူတွေအားလုံး ဆင်းပြေးပြီး ကျောင်းဝန်းထဲမှာ လာစုနေကြတယ်... သူတို့ က ငလျင်လှုပ် ရင် အဆောက်အဦးထဲကအတတ်နိုင်ဆုံး အမြန်ထွက်ပြီး, ကွက်လပ်လိုနေရာမျိုးမှာမှ စိတ်ချရတယ် saveဖြစ်ရာမှာနေဖို့ ကိုအားလုံးနားလည် ကြတယ်လေ..တောသူမ ဖြစ်သူ ကျမကတော့ငလျင်လှုပ်လို့  သူက ''ငလျင်ကြီးတယ် တံခါးဖွင့် တံခါးဖွင့် '' ပြောပြီ့း တံခါးပြေးဖွင့်တာကို ''ဘာလုပ်ဖို့လဲ''  မေးလို့ ခုထိ အဟားခံနေရတုံးပေါ့.သူမကယ်ရင် သေဖွယ်သာရှိယုံ ဆိုပဲ....သိဘူးလေကွယ်  ကိုယ်ကစားပွဲအောက်ဝင်ဖို့ နဲ့  အိမ်တိုင်မကြီးနား ကပ်နေဖို့လောက်သာတွေးမိတာကိုး...မသိတော့လဲမကြောက်တတ်ဘူး ဆိုတာအမှန်ပါဘဲ..အရင်တစ်ခါက ငလျင်လှုပ်နေမှန်းသိသိချင်း တော်တော်လေးကြာအောင် လှုပ်နေလို့ အောက်မှာ ဘယ်လိုနေပါလိမ့် ဆိုပြီး ရှစ်ထပ် ဝရန်တာကနေ ငု့ံ ကြည့်နေခဲ့တာ ပြောပြရင် အရူးလို့ခေါ်ခံရလိမ့်မယ် ထင်တယ်......
ဆိုင်းဘုတ် information board
 မလှမ်းမကမ်းရှိ ကျောင်းဝန်းထဲမှာပါ လုပ်တာဖြစ်လို့ ခါတိုင်းလောက် ဆိုင်မများချေ ။
ဝယ်မဲ့သူလဲ မလာပါလားကွယ်.......
cute candle  ပုံစံအမျိုးမျိုးဖြင့် ချစ့်စဖွယ်ဖယောင်းတိုင်
စန္ဒရားလေး...
အဝတ်ကြိုး နဲ့ရက်တဲ့ အိတ်ပေါ့
တစ်ထုပ် ယန်၁၅၀၀  နှစ်ထုပ်၂၀၀၀ ဈေးကြီးလိုက်တာ ...အနံ့ရှိတဲ့သစ်အစအနလေးတွေပေါ့ အဝတ်အစားတို့ဘာတို့ ပိုးမကိုက်အောင်            
ဒါလေးက ဘယ်လောက်လဲဟင်- how much?
made by 
ကောက်ရိုးနဲ့လုပ်တဲ့ လိပ် (သူတို့  လူမျိုးက
လိပ်ရုပ်တို့ ဖားရုပ်တို့ကို အဆောင်အဖြစ်ဆောင်လေ့ရှိကြတယ်)
really home made & oishii  ne! ......ပိုထဲ့ပေးလိုက်တယ်နော် ကောင်းလွန်းလို့  ထပ်စားချင်တောင်မှ  နောက်နေ့ဆို  ဒီမှာလာဝယ်ချင်လဲမရဘူးမို့ လား
hand madeဆို ဈေးကတော့ သိတဲ့အတိုင်း မကိုင်ရဲဘူး မဝယ်နိုင်​လို့ 
book cover  စာအုပ်အဖုံး 
oneesan !  is it made by yours?
မမ ကိုယ်တိုင်လုပ်တာလားဟင် !!! 
ဘိုးဘိုးကြီးဆီမှာ ဆုတောင်းဦးမှ...don't forget to pray !
Ma Ma, I'm hungry ....မာမား! စားချင်တယ်..ဝယ်ကျွေးနော်...
ဒါလေးလဲ ယူမယ် ၊   ဟယ်....ဟိုဟာလေးလဲ ကြိုက်တယ် - buy this one, and  that one too... 
wonder  buy.......
ကြည့် , ဒီကောင်မလေး ထပ်ဝယ်ဦးမယ်..ဝယ်လို့ မဆုံးတော့ဘူး
ဒီလိုသိမ်းဆည်းပြီး ...
တို့ တော့ပြန်နှင့်ပြီဟေ့..နောက်လမှ တွေ့မယ်နော် bye ! see you next month....
go home
ဒီလို ပြန်ကြမယ်လေ
Friday, February 24, 2012
ကျန်းမာရေးအသိပညာ နှင့် ကင်ဆာရောဂါ ကာကွယ်တားဆီးရေး အစာအာဟာရအခြေခံပေါ်တွင် မူတည်
               ယခုအခါကင်ဆာရောဂါကာကွယ်တားဆီးရေးအတွက်အစာအာဟာရအခြေခံပေါ်တွင် မူတည်နေသည်ဟု ကောက်ချက်ချလာကြသည်။ သာမန်ထက်ပိုမို လွန်ကဲစွာဝဖြိုး၍  ကိုယ်အလေးချိန် များလာသောသူများတွင် အဆီဓာတ်လွန်ကဲမှုများလာပြီး ယင်းနှင့် ဆက်နွှယ်၍ အူမကြီးကင်ဆာ၊ ကျောက်ကပ်ကင်ဆာ အစာရေမျိုကင်ဆာ၊ ပန်ကရိယကင်ဆာ စသည်တို့အပြင် အမျိုးသမီးများ တင်သားကင်ဆာ အဖြစ်များလာကြရသည်။
                         ထို့ကြောင့် သုတေသီများက ကင်ဆာရောဂါ ကာကွယ်နိုင်ရေးအတွက် အဆီပါဝင်မှုကို လျှော့ချစားသုံးရန်နှင့် အမျှင်ဓာတ်ပေါကြွယ်ဝသော ဟင်းသီးဟင်းရွက်များကို များများစားသုံးကြရန် သတိပေးထားသည်။ထို့အပြင်သကြားဓာတ်ပါဝင်မှုများသောအစားအစာများနှင့် အငန်ဓာတ် လွန်ကဲသော အစားအစာများကိုလည်းရှောင်ရှားသင့်သည်။အမျိုးသားများအတွက် အရက်ကိုတစ်နေ့လျှင်၂ခွက်ထက်ပို မသောက်သင့်ကြောင်းအကြံပြုထားသည်။အဓိကအချက်မှာ အပင်နှင့်အပင်ထွက်ပစ္စည်းကို မွန်းမံ ပြင်ဆင် ထားခြင်းမရှိဘဲသဘာဝအတိုင်းစားသုံးခြင်းသည် ကင်ဆာရောဂါကို ကာကွယ်တားဆီး နိုင်ကြောင်းပင်။
    ကင်ဆာရောဂါ ဖြစ်ကြောင်း ဆောလျင်စွာ သိရှိရန်ဖြစ်ပြီး စောစောသိရှိပြီး ရောဂါဖြစ်ခါစ အခြေအနေမျိုး ဆိုပါက  ကင်ဆာရောဂါအများစုသည်ကုသ၍  ရာခိုင်နှုန်း တော်တော်များများ   ပျောက်ကင်းနိုင်ကြောင်း  သိရှိရသည်။ ကင်ဆာရောဂါဖြစ်ကြောင်းသိရှိသည့်အချိန်စောမှု၊နောက်ကျမှု နှင့်ရောဂါဖြစ်ပွားသည့် အင်္ဂါအစိတ်အပိုင်း တို့ပေါ်မူတည်ပြီး ပျောက်ကင်းနိုင်မှု၊ အသက်ဆက်လက် ရှည်ရှည် နေထိုင်နိုင်မှု နှင့် ကုသရမည့် နည်းလမ်းတို့ကို အဆုံးအဖြတ်ပေးတတ်သည့် ရောဂါမျိုး ဖြစ်ကြောင်း ကျန်းမာရေးအတိုင်ပင်ခံ က ပြော သည်။
                      ယင်းရောဂါကို ယခုအချိန်၌ ဆေးဝါးများကျွေး၍ သော်လည်းကောင်း၊  ခွဲစိတ်ထုတ်ပစ်၍ သော်လည်းကောင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကင်၍သော်လည်းကောင်း၊ ထိုနည်း သုံးမျိုးစလုံးကို သုံး၍ဖြစ်စေ၊ သင့်တော်ရာနှစ်မျိုး သို့မဟုတ် တစ်မျိုးကို သုံး၍ဖြစ်စေ အောင်မြင်စွာ ကုသနိုင်ကြောင်း သိရသည်။
                                 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOက လူတစ်ဦးလျှင် တစ်လ ဆီငါးဆယ်သား ခန့်သာ စားသုံးရန် စံနှုန်းသတ်မှတ်ထား သော်လည်း  မြန်မာနိုင်ငံတွင် လူတစ်ဦးဆီစားသုံးနှုန်းမှာ  တစ်လလျှင် ငါးဆယ်သား အထက်တွင် ရှိနေကြောင်း  မည်သည့်စားသုံးဆီမဆို မီးအပူချိန်မထိပါက အန္တရာယ် မကြီးသော်လည်း  မီးအပူချိန်ထိထားပါက အန္တရာယ်ကြီးကြောင်း၊ ထိုဆီကို အစဉ်စားသုံးမိပါက ကင်ဆာရောဂါ  ဖြစ်ပွားနိုင်ကြောင်း ၄င်းကထပ်လောင်းပြောကြားသည်။ ဆီကြော်မုန့်များအပြင် ဝက်သား စားသုံးမှု များပါကလည်း သည်းခြေကျောက်တည်ရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားနိုင်ကြောင်း  သိရသည်။
                                        ပါရာစီတမောလ်ဆေး ၅ဝဝ မီလီဂရမ်ဆေးပြားအား လိုအပ်သည်ထက် ပိုမိုသောက်သုံးမိပါက အဆိပ်သင့်သေဆုံးနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန်ဦးစန်းထွေး က
”အခြားဆေးတွေထက် ပါရာစီတမောလ်ဆေးကို လူတွေက အလွယ်တကူ ဝယ်သောက်လေ့ရှိကြတယ်။ ဒီဆေးရဲ့ အဓိကဘေးထွက်ဆိုးကျိုးက အသည်းရဲ့လုပ်ဆောင်မှု ကို တိုက်ခိုက်တာပဲ။   အရွယ်ရောက်ပြီးတဲ့ လူတစ်ယောက်ဟာ ဆေးတစ်ခါသောက်ရင် ပါရာစီတမောလ် ၅ဝဝ မီလီဂရမ် ၂ ပြားထက် ပိုမသောက်သင့်ပါဘူး”ဟု  ပါရာစီတမောလ် လွန်ကဲသည့်လက္ခဏာများမှာ ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ မူးဝေခြင်း၊ မစားချင် မသောက်ချင်ဖြစ်ခြင်း၊ ချွေးထွက်လွန်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းများ ဖြစ်ပေါ်တတ်ပြီး အဆိုးဆုံးလက္ခဏာများအဖြစ် မျက်လုံးဝါခြင်း၊ ဆီးမည်းမည်းသွားခြင်း၊ အစာအိမ်အပေါ်ပိုင်း၌ နာကျင်ခြင်း စသည့် ဝေဒနာများ ဖြစ်ပွားတတ်ပြီး နောက် ဆုံးအခြေအနေအဖြစ် အသက်ဆုံးရှုံးသည်အထိပင် ဖြစ်နိုင်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ရောင်းချနေသည့် ပါရာစီတမောလ်ဆေးများမှာ နိုင်ငံစုံမှ ဝင်ရောက်ပြီး ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချနေကာ ဆေးတောင့်၊ ဆေးပြား၊ ဆေးရည်၊ စအိုတွင်းထည့်ဆေး တောင့် စသည်ဖြင့် ဆေးဝါးပုံစံအမျိုးမျိုးရှိကြောင်း သိရသည်။
”ဒီဆေးကို ပုံမှန်သောက်မယ်၊ စနစ်တကျသာသောက်မယ်ဆိုရင် ခေါင်းကိုက်တာ၊ ကြွက်သား နာကျင် ကိုက်ခဲတာ၊ အဆစ်အမြစ်ရောင်၊ ခါးနာ၊ သွားကိုက်၊ အအေးမိဖျား နာတာတွေ ပျောက်ကင်းစေနိုင်ပေမယ့် ဆေးလွန်ရင်တော့ သေနိုင်ပါတယ်။ နောက်တစ်ခုက ဒီဆေးနဲ့မတည့်ဘဲ ခန္ဓာကိုယ်မှာ အနီကွက်တွေ ပေါ်လာတာ၊ အသက်ရှူရတာ ခက်တာ၊ မျက်နှာ၊ လျှာနဲ့လည် ချောင်းစတဲ့ အစိတ်အပိုင်းတွေ ရောင်ရမ်းတတ်တာမျိုးလည်း တချို့ လာပြတဲ့လူနာတွေမှာ တွေ့ရတယ်”ဟု အထက်ပါဆရာဝန်က ပြောကြားသည်။ မြန်မာနိုင်ငံအတွင်းရှိ အသက်အရွယ်ကြီးသည့် လူတချို့သည် ခန္ဓာကိုယ် နာကျင်ကိုက်ခဲ၍ ပါရာစီတမောလ်ဆေးစားရင်း ဆေးစွဲသွားကာ ပဲလှော်စားသကဲ့သို့ စားနေကြ ခြင်းများကို ရှောင်ရှားသင့်ပြီး အထက်ဖော်ပြပါ လက္ခဏာများ ပေါ်လာပါက မိမိသဘောနှင့် မိမိဘာသာ ဆေးသုံးစွဲနေမှုကိုရပ်ပြီး ဆရာဝန်နှင့် အမြန်ဆုံးပြသကာ ကုသမှု ခံယူသင့်ကြောင်း အထက်ပါပုဂ္ဂိုလ်က အကြံပြုပြောကြားသည် 
( မှတ်ချက်  ။     ။ ဖတ်ရှူမိသူများ အသိပညာ တိုးပွါးစေရန် နှင့် သိရှိနိုင်ရန်ရည်ရွယ်၍  internet ကျန်းမာရေးသတင်း ဆောင်းပါးများမှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။)
Wednesday, February 15, 2012
ဖခင်ဦးထွန်း မြိုင် မှတ်သားပြုစုခဲ့သော ဓမ္မဒါနမှတ်စုများ(၁) ဗုဒ္ဓမြတ်စွာဘုရား၏ လောကီ-လောကုတ္တရာဆိုင်ရာ တရားတော်များ အပိုင်း (၂)
ဖခင်ဦးထွန်း မြိုင် မှတ်သားပြုစုခဲ့သော ဓမ္မဒါနမှတ်စုများ(၁)
   ဗုဒ္ဓမြတ်စွာဘုရား၏ လောကီ-လောကုတ္တရာဆိုင်ရာ တရားတော်များ        အပိုင်း (၂)
          မေတ္တာဘာဝနာထက်  အကျိုးကျေးဇူး များနိုင်တာကတော့ ဗုဒ္ဓ၏ လောကုတ္တရာဆိုင်ရာ သတိပဋ္ဌာန် ဝိပဿနာ တရားတော်သာလျှင် အမြတ်ဆုံးဖြစ်ကြောင်း ဟောကြားထားတော်မူပါသည်။ သတိပဋ္ဌာန် ဝိပဿနာ အမြတ်ဆုံးတရား ကြိုးစားအားထုတ်တော့မည် ဆိုလျှင် အသိဉာဏ်နှင့် သီလ သမာဓိ ပညာ ရှိဖို့အရေးကြီးပါသည်။ 
           ပညတ်နှင့် ပရမတ် ခွဲခြားသိဖို့ လိုသည်၊ ရုပ်နာမ်ခန္ဓ္ဓာငါးပါး   ခွဲခြားသိဖို့ လိုသည်။   သစ္စာလေးပါး မဂ္ဂင်ရှစ်ပါး သိဖို့ လိုပါသည် ။ ဒီတရားတွေက အခြေခံအချက်များဖြစ်ပြီး  နောက်သိစရာအကြောင်းတွေက ဆက်သိမြင်သွားမှာဖြစ်ပါသည်။ အသိဉာဏ် အနဲအများအလိုက် မိမိတို
သန္တာန်မှာ သိမြင်သွားကြပါမည်။ 
              အသိဉာဏ် နည်းရင် အချိန်ယူရပေမဲ့ အားငယ်စရာတော့မဟုတ်ပါ။ ယုံကြည်မှု သဒ္ဓါ သာလျှင် အခြေခံ အကြောင်းရင်း ဖြစ်ပါသည်။ အသိဉာဏ် များရင်တော့ တရား မြန်မြန်မြင်ပြီး  အကျိုးတရား  မြန်မြန် ရသွားမှာ ဖြစ်ပါသည်။
               ပညတ်ဆိုတာက -တကယ် ရှိတာမဟုတ်ပဲ လောကီရေးရာ အခေါ်အဝေါ်တောတောင်ရေမြေ အိုးအိမ်အသုံးအဆောင်၊ နတ် ၊လူ၊ ကျွဲ့၊နွား၊ ငါ သူတစ်ပါး ယောက်ျား မိန်းမ၊ ပုဂ္ဂိုလ် သတ္တဝါ စသည်တို့မှာ
ပညတ်များသာဖြစ်ကြပါသည်။ တကယ်ရှိတာက ပရမတ္တတရားလေးပါး - စိတ် စေတသိတ် ရုပ် နိဗ္ဗာန် ။
 နိဗ္ဗာန် ကတော့ အသင်္ခတ နယ်မြေမှဖြစ်၍ လူသာမန်တို့ မထိတွေ့နိုင်ပါ။    စိတ် စေတသိတ် တို့က သိတတ်တဲ့တရားမို့ နာမ် လို့ခေါ်ပါသည်။ ရုပ် ဆိုသည်မှာ - ဓာတ်ကြီးလေးပါးဖြစ်သော ပထဝီ တေဇော အာပေါ ဝါယောဓာတ်တို့ဖြင့် ဖွဲ့စည်းထားတာဖြစ်ပါသည်။   ဓာတ်သဘောအားဖြင့် မာ ခြင်း၊ ပျော့ ခြင်း၊   ပူ ခြင်း၊ အေးခြင်း၊  ဖွဲ့စည်း ခြင်း၊  ယိုစီး ခြင်း ၊  တွန်းကန်ခြင်း၊  လှုပ်ရှားခြင်းတို့သဘောရှိကြပြီး အဆင်း အနံ့ အရသာ ဩဇာဓာတ်များ ရှိကြပါသည်။ 
          ရုပ်နှင့် နာမ် ကို ခန္ဓာဖွဲ့တော့ ငါးပါးရပါသည်။ ရုပ်က ရူပက္ခန္ဓာ တစ်ပါးရပြီး၊  နာမ်က ခန္ဓာ လေးပါး ရသည်။  ဝေဒနက္ခန္ဓာ - ခံစားမှုအစု၊ သညက္ခန္ဓာ- မှတ်သားမှု အစု၊ သင်္ခါရက္ခန္ဓာ- စေ့ဆော်ပြုပြင်မှု အစု နှင့် ဝိညာဉ်နက္ခန္ဓာ-  သိမှုအစု တို့ဖြစ်ကြပါသည်။  အတိုကောက်ကတော့  ခန္ဓာငါးပါး သိဖို့ပါပဲ။
      ဝိပဿနာ ရှူပွါး တဲ့အခါမှာ ငါ သူတစ်ပါး ယောက်ျား မိန်းမ ပုဂ္ဂိုလ် သတ္တဝါရယ်လို့ မမြင်တော့ပဲ ခန္ဓာငါးပါး  ရုပ်နာမ်  နှစ်ပါးသာမြင်ဖို့လိုပါသည်။ သစ္စာလေးပါး တရား ကတော့
ဗုဒ္ဓ ရဲ့အခြေခံတရား ဖြစ်ပါသည်။ သစ္စာလေးပါး တရားသိမှ ဗုဒ္ဓ ဘာသာစစ်စစ် ဖြစ်ပါသည်။   သစ္စာလေးပါး တရားက-
 ၁ ။ ဒုက္ခ သစ္စာ        - ဆင်းရဲခြင်း အမှန်တရား
 ၂ ။ သမုဒယ သစ္စာ   - ဆင်းရဲခြင်း ဖြစ်ကြောင်း အမှန်တရား
 ၃ ။ နိရောဓ သစ္စာ    - ဆင်းရဲခြင်း ကင်းရာ အမှန်တရား  
 ၄ ။ မဂ္ဂ သစ္စာ         - ဆင်းရဲခြင်း ကင်းရာရောက်ကြောင်း အမှန်တရား   
တို့ ဖြစ်ကြပါသည်။  ဘဝ ဟူသမျှ ဒုက္ခ ဟုသိဖို့ လိုပါသည်။ ဒုက္ခ သစ္စာ ရဲ. အကြောင်းရင်းက သမုဒယ သစ္စာ ဆိုတာသိရပါမည်။  ဆင်းရဲ ကင်းငြိမ်းရာ နိရောဓသစ္စာ ဆိုတဲ့  နိဗ္ဗာန် ဆိုတာ တကယ်ရှိသည် ။့ နိဗ္ဗာန်ရောက်ကြောင်း  မဂ္ဂသစ္စာ ဆိုသည်မှာ ကျင့် ကြံ  ပွါးများ အားထုတ်ရမည့် သစ္စာ ဖြစ်ပါသည်။         မဂ္ဂ သစ္စာ ကို မဂ္ဂင်ရှစ်ပါးလို့ ခေါ်ပါသည်။
                      မဂ္ဂင်ရှစ်ပါး ကတော့ ပညာ မဂ္ဂင် (၂)ပါး-သမာဓိ မဂ္ဂင် (၃)ပါး -သီလ မဂ္ဂင် (၃)ပါး တို့ ဖြစ်ပါသည်။  ပညာ မဂ္ဂင် (၂)ပါး-သမ္မာဒိဋ္ဌိ  ကောင်းစွာသိမြင်ခြင်း နှင့် သမ္မာသင်္ကပ္ပ ကောင်းစွာ ကြံစည်ခြင်း။ သမာဓိ မဂ္ဂင် (၃)ပါး -သမ္မာဝါယမ  ကောင်းစွာအားထုတ်ခြင်း ၊ သမ္မာသတိ ကောင်းစွာ သတိရှိခြင်း၊ သမ္မာ သမာဓိ ကောင်းစွာတည်ကြည်ခြင်း ။ သီလ မဂ္ဂင် (၃)ပါး -သမ္မာဝါစာ ကောင်းစွာ ပြောဆိုခြင်း၊ သမ္မာကမ္မန္တ ကောင်းစွာ ပြုမူခြင်း ၊ သမ္မာအာဇီဝ ကောင်းစွာ အသက်မွေးခြင်း ပေါင်း မဂ္ဂင်ရှစ်ပါး ဖြစ်ပါသည်။
Wednesday, February 1, 2012
ဖခင်ဦးထွန်း မြိုင် မှတ်သားပြုစုခဲ့သော ဓမ္မဒါနမှတ်စုများ(၁) ဗုဒ္ဓမြတ်စွာဘုရား၏ လောကီ-လောကုတ္တရာဆိုင်ရာ တရားတော်များနှင့် ဆရာတော်ကြီးများ၏ အဆုံးအမ သံဝေဂရ လင်္ကာ ၊ ကဗျာများမှတ်စု
            ဗုဒ္ဓမြတ်စွာဘုရား၏ လောကီ-လောကုတ္တရာဆိုင်ရာ တရားတော်များ                
                 ဗုဒ္ဓမြတ်စွာဘုရားသည် လောကီ-လောကုတ္တရာ နှစ်ဖျာသောအကျိုးတို့ကိုမျှော်ကိုးလျက် တရားတော်များ ဟောကြား ဆုံးမတော်မူ၍် သတ္တဝါ အများကို ကယ်ချွတ်တော်မူပါသည်။  
                 ဗုဒ္ဓမြတ်စွာဘုရား၏ လောကီဆိုင်ရာ တရားတော်များမှာ-
         ကောင်းတာကို ကြိုးစားပြီးလုပ်ပါ။
        မကောင်းတာကို ကြိုးစားပြီးရှောင်ပါ။
        စိတ်ကိုဖြူစင်အောင်ထားပါ
              ဒါ ဗုဒ္ဓမြတ်စွာဘုရားဆုံး အတိုကောက်ဖြစ်ပါသည်။ 
          ကောင်းတာ ဆိုသည်မှာ မိမိ သူတစ်ပါး မထိခိုက်စေပဲ ကြီးပွါးရာ ကြီးပွါးကြောင်း  ကုသိုလ် ရရာ ရကြောင်း အလုပ်ကိစ္စများကို ကြိုးစား၍ လုပ်ကိုင် ဆောင်ရွက်ခြင်းတို့ကို ဆိုပါသည်။
          မကောင်းတာ ဆိုသည်မှာ မိမိ သူတစ်ပါးကို ထိခိုက်နစ်နာစေတတ်သော ဒုစရိုက်တရားများ ဖြစ်သည့် သတ်တာ၊ ခိုးတာ၊ သူတပါး သားမယား ပစ်မှားတာ၊မမှန် ကြမ်းတမ်း ယုတ်မာ သိမ်ဖျင်းသော စကားပြောဆိုတာ၊  အကုသိုလ်ဖြစ်ကြောင်းတရားများကို ရှောင်ရှားကြခြင်းကို ဆိုလိုပါသည်။
ငါးပါးသီလကို သတိတရားဖြင့် လုံခြုံအောင်နေဖို့ ဖြစ်ပါသည်
          စိတ်ကိုဖြူစင်အောင်ထားပါ ဆိုသည်မှာ -  စိတ်ဆိုတာ ပင်ကိုယ်အားဖြင့် ဖြူစင်နေပေမယ့် စိတ်ကို ညစ်နွမ်းစေတတ်တဲ့ အကြောင်းတရားငါးပါး ရှိပါတယ်။ 
နိဝရဏတရား ငါးပါးလို့ခေါ်ပါသည်။
         နိဝရဏတရား ငါးပါးမှာ-
၁။  ကာမ စ္ဆန္ဒ-နိဝရဏ         - ကာမဂုဏ်အာရုံတွေ
၂။  ဗျာပါဒ -နိဝရဏ            - ဒေါသ မကျေနပ်မှုတွေ
၃။  ထိန မိတ္တ- နိဝရဏ        - ထိုင်းမှိုင်း ငိုက်မှီး ပျင်းရိမှုတွေ
၎။  ဥဒ္ဓ စ္ဆ ကုက္ကုစ္စ- နိဝရဏ   - ပြန့်လွင့်ခြင်း နှင့် နောင်တရမှုတွေ  
၅။  ဝိစိ ကိ စ္ဆာ- နိဝရဏ       - သံသယ စိုးရိမ်မှုတွေ
                 ယင်း နိဝရဏတရားများ စိတ်ထဲဖြစ်ပေါ်လာရင် သတိတရားဖြင့် ဖြစ်ပျက်ရှုမှတ်၍ ဖျောက်ဖျက်ပစ်ရပါမည်။ ဖြစ်ပျက် ရှုလိုက်တော့ ညစ်နွမ်းစေတဲ့ အကုသိုလ် အကြောင်းတရားများ ပျောက်သွားပြီး စိတ်ဟာသန့်ရှင်းတဲ့ ကုသိုလ်တရားများဖြစ်နေပါတယ်။  ဒါ့ကြောင့် စိတ်ကို သန့်ရှင်းစေခြင်းဖြင့် ကုသိုလ်တရားများ ပွါးများစေပါသည်။
        ထို့အပြင် စိတ်ကို ဒုက္ခရောက်စေပြီး   ကိုယ်ခန္ဓာကိုပါ အန္တရာယ် ရောက်စေနိုင်တဲ့  အဆိုးဆုံး အကြောင်း တရား နှစ်ခုကတော့ - ဣဿာ နှင့် မစ္စရိယ ဆိုတဲ့ မနာလို ဝန်တိုမှု တို့ ဖြစ်ပါသည်။   ဒီအဆိုးဆုံး အကြောင်းတရား နှစ်ခုကတော့ စိတ်ကို ညစ်နွမ်းစေရုံသာမက ဒုက္ခ ဘေးအန္တရာယ်များကိုပါ ရောက်စေ နိုင်တဲ့ အတွက် ယခုဘဝလဲ မကောင်း၊    နောင်သံသရာဘဝတွေမှာလဲ ဒုက္ခဆင်းရဲ ဖြစ်စေနိုင်တာမို့ အထူး ရှောင်ရှားဖို့ လိုအပ်ပါသည်။   ဘယ်လိုရှောင်ရှားရမလဲဆိုရင် ယင်းအကြောင်းတရား နှစ်ခု၏ ဆန့်ကျင်ဘက် ဖြစ်သော    ဗြဟ္မာစိုရ်တရား လေးပါးကို ပွါးများ ပေးရပါမည်။    မေတ္တာ ၊ ဂရုဏာ၊ မုတိတာ နှင့် ဥပေက္ခာ တို့ဖြစ်ကြပါသည်။  
  သတ္တဝါအများကို  မေတ္တာ ထားခြင်း၊ 
  ကိုယ့်ထက်နိမ့်ကျသူများကို သနား ဂရုဏာ ထားခြင်း၊ 
  ကိုယ့်ထက်သာသူ များကို ဝမ်းမြောက် ရွှင်လန်း  မုတိတာ ထားခြင်း၊ 
  ကိုယ်နှင့်မပတ်သက်သူများ၏ အပြုအမူများကို ခွင့်လွှတ်ခြင်း ဟူသော ဥပေက္ခာ ပြုနိုင်ရပါမည်။ 
             ၎င်းအကြောင်းတရား လေးပါးသည် နတ်ဗြဟ္မာ များလဲအလွန် နှစ်သက်ပြီး  လူ့လောကတွင်လဲ အလွန် အကျိုးများသော ကုသိုလ်တရားများ ဖြစ်ကြပါတယ်။ ဒါ့ကြောင့် ဤအကြောင်းတရား လေးပါးကို လူ့လောကတွင်လဲ  အလွန် အကျိုးများ၊   သံသရာ ဘဝများမှာလဲ လူ နတ် ကောင်းရာသုကတိများသို့ ရောက်စေနိုင်ကြောင်း မြတ်ဗုဒ္ဓမှ ဆိုဆုံးမတော်မူပါသည် ။
               ထို့ ကြောင့် နိဝရဏတရား စိတ်တွင်ပေါ်လာလျှင် အသိ ၊ သတိတရား ဖြင့် ဖြစ်ပျက် ရှုမှတ် ဖျောက်ဖျက်ပစ်ပါ။   ဣဿာမစ္စရိယများ စိတ်တွင် ဖြစ်ပေါ်လာလျှင် အသိဖြင့်ရှုမှတ်၍     ဗြဟ္မာစိုရ်တရား လေးပါးဖြင့် အစားထိုး မေတ္တာပွါးလိုက်ပါ။ မေတ္တာတရား ပွါးများနေခြင်းသည်  ဗုဒ္ဓ တရားတော်အရ   ဒါန သီလ ဘာဝနာ တရားတော် များထက် အကျိုးကျေးဇူး များကြောင်း ဟောကြား ဆုံးမတော်မူပါသည်။ အသိသည် ဝိဇ္ဇာမည်၍ ကုသိုလ်တရား ဖြစ်၏။  မသိမှုသည် အဝိဇ္ဇာမည်၍ အကုသိုလ်တရား ဖြစ်လေသည်။   အရာရာမှာ သတိ နှင့် အသိရှိခြင်းသည် ကုသိုလ်တရားများ ဖြစ်ပြီး  ကောင်းကျိုး ချမ်းသာကိုသာ ကျေးဇူး ပြုမည် ဖြစ်ကြောင်း တရားတော်မှ ဆုံးမတော်မူ၍ သာသနာဟာ အလွန်ပင် ကျေးဇူးတင်ဝမ်းမြောက် ချီးကျူး အံ့ဩစရာကောင်းလှပါသည်။                                             (ဆက်လက်ဖော်ပြပါမည်)
Sunday, January 29, 2012
တိုကျိုမှ ကမာကူရဘုရားကြီးသို့အလည်တစ်ခေါက်
ဘုရားနဘေး၌ အဆောင်ပစ္စည်းဝယ်နိုင်သည့်နေရာ       ဆင်းတုတော် ဆိုဒ်စုံ ၊ရွှေ,ငွေ,ကြေးနီ,ကြေးစိမ်း (ယခင်က၃ရောင်သာ )    နှစ်ဆန်းတစ်ရက်နေ့က ရောင်းကုန်သွား၍ လိုချင်သောဆိုဒ်နှင့် အရောင်မရခဲ့ပါ
ဘုရားဝန်းအတွင်းရှိ ကောက်ရိုးဖိနပ် zohri
အမွှေးတိုင်အငွေ့ ကနေ ကျန်းမာခြင်း,လာဒ်ကောင်းခြင်းတို့ကိုရစေမယ်တဲ့  သူတို့ရဲ့ယုံကြည်မှု လို့ဆိုရမလား
ကြေးချပ်မှာ ထုထားတဲ့ ပေစာ ( အတွင်းက ထုထားခြင်းဖြစ်၏)
ကိုယ်အတွင်းပိုင်းသို့ဝင်၍ရသည်။  တစ်ခါဝင်ဖူးပြီး ဘာမှမရှိသဖြင့် မဝင် ခဲ့တော့
မြန်မာလူမျိုး ဟုမပြောဘဲ မြင်ယုံနှင့် သိနိုင်ပါရဲ့
ဆွမ်းကပ်ခဲ့
ဘုရားဝန်း အဝင်မှ  ရှူခင်း
မြို့တွင်းလည်စရာ လမ်းညွန်မြေပုံ
ဂျပန်လူမျိုးတို့ နှစ်သစ်ဆုတောင်းကြရာ ရှင်တိုနတ်ဘုရားကျောင်းသို့ သွားသည့်လမ်း
kamakura ဘူတာ
အသွား ရထားပေါ်မှမြင်ကွင်း
         ၂၀၁၂ခုနှစ် နှစ်ဦး ဇန္နဝါရီ၂ရက်နေ့မှာ ကိုယ်အလွန်သွားချင်နေခဲ့သည့် ကမာကူရသို့ ရောက်ခဲ့ကြသည်။ ကမာကူရ ဆိုသည်နှင့် မြန်မာလူမျိုး အားလုံးနီးပါး ဘုရားကြီးကို သိနေပြီးဖြစ်ပေလိမ့်မည်။ တိုကျိုရောက်ဖူးသူတိုင်း သွားရောက် ဖူးဘူးကြမည်မှာ မလွဲပေ။